နောက်ခံသမိုင်းကြောင်း

ကာကွယ်ရေး ၀န်ကြီးဌာန၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းသည် သံမဏိစက်ရုံများ တည်ဆောက်၍ နိုင်ငံတော် အတွက်လိုအပ်သည့် သံမဏိထုတ်ကုန်များ ရရှိရေး ဆောင်ရွက်လျှက်ရှိရာ အခြေခံကောင်းမွန်သည့် လူ့စွမ်းအား အရင်းအမြစ် ကျွမ်းကျင်လုပ်သားများ ရရှိရေးအတွက် နိုင်ငံတော်အကြီးအကဲမှ သံမဏိစက်ရုံအနီးတဝိုက်တွင် အစိုးရ နည်းပညာအထက်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်သွားရန်လမ်းညွှန်ခဲ့ပါသည်။  သို့ဖြစ်ပါ၍ အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)ကို အမှတ်(၃)သံမဏိစက်ရုံ  (ရွာမ)ပိုင်မြေ၊ အင်းစိန်မြို့နယ်၊ ရွာမအလယ်ရပ်ကွက်၊ ရွာမဘူတာအနောက်မြောက်ဘက်ကိုက် (၂၀၀)ခန့်အကွာ၊ ခန့်မှန်းမြေပုံအညွှန်း (L-၄၅၅၅၀၅) တွင် ဆောက်လုပ်ခဲ့ပါသည်။    ကာကွယ်ရေး ၀န်ကြီးဌာန၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းသည် သံမဏိစက်ရုံများ တည်ဆောက်၍ နိုင်ငံတော် အတွက်လိုအပ်သည့် သံမဏိထုတ်ကုန်များ ရရှိရေး ဆောင်ရွက်လျှက်ရှိရာ အခြေခံကောင်းမွန်သည့် လူ့စွမ်းအား အရင်းအမြစ် ကျွမ်းကျင်လုပ်သားများ ရရှိရေးအတွက် နိုင်ငံတော်အကြီးအကဲမှ သံမဏိစက်ရုံအနီးတဝိုက်တွင် အစိုးရ နည်းပညာအထက်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်သွားရန်လမ်းညွှန်ခဲ့ပါသည်။  သို့ဖြစ်ပါ၍ အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)ကို အမှတ်(၃)သံမဏိစက်ရုံ  (ရွာမ)ပိုင်မြေ၊ အင်းစိန်မြို့နယ်၊ ရွာမအလယ်ရပ်ကွက်၊ ရွာမဘူတာအနောက်မြောက်ဘက်ကိုက် (၂၀၀)ခန့်အကွာ၊ ခန့်မှန်းမြေပုံအညွှန်း (L-၄၅၅၅၀၅) တွင် ဆောက်လုပ်ခဲ့ပါသည်။

မျှော်မှန်းချက်

  • အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သောစက်မှုလုပ်ငန်းအမျိုးမျိုးတွင် မရှိမဖြစ်လိုအပ်သော ကျွမ်းကျင်လုပ်သားများကို အစိုးရနည်းပညာ အထက်တန်းကျောင်း(ရွာမ)မှ ဖြည့်ဆည်းပေးရန်
  • အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံအတွက် အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)မှ လူငယ်များကို အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပေးစွမ်းနိုင်ရန်
  • ထို့ကြောင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်စေရန်။

ရည်မှန်းချက်

  • မြန်မာနိုင်ငံရှိ လုပ်သားဈေးကွက်လိုအပ်ချက်နှင့်အညီ အရည်အသွေးရှိသော အသက်မွေးဝမ်းကျောင်းပညာနှင့် လေ့ကျင့်ရေးများ ပံ့ပိုးပေးရန်
  • မြန်မာလူငယ်များ အလုပ်အကိုင် အဆင့်အတန်း မြင့်မားလာစေရေးတွင် အထောက်အကူပြုစေရန်
  • မြန်မာနိုင်ငံစီးပွားရေးတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး စွမ်းဆောင်ရည်ကို မြှင့်တင်ရန်
  • နည်းပညာ၊သက်မွေးပညာနှင့်ထေ့ကျင့်ရေးတွင် နိုင်ငံတွင်းနှင့် နိုင်ငံတကာ စက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊

စဉ်အမည်ပညာအရည်အချင်းတာဝန်ထမ်းဆောင်ခဲ့သည့်ကာလ
ဉီးဇာနည်အောင်၁၄.၆.၂၀၁၀ မှ ၃၁.၇.၂၀၁၁ ထိ
ဉီးမြတ်ကို၁.၈.၂.၁၁ မှ ၃၁.၁၀.၂၀၁၇ ထိ
ဉီးမျိုးသူရ၁.၁၁.၂၀၁၈ မှ ၂၅.၂.၂၀၁၈ ထိ
ဉီးဖြိုးမြတ်သူ၂၆.၂.၂၀၁၈ မှ ၁၆.၃.၂၀၂၁ ထိ