Breaking News

ဆောင်းရာသီ အားကစားပြိုင်ပွဲ

ဆောင်းရာသီအားကစားပြိုင်ပွဲအား ၆.၂.၂၀၂၃ မှ ၁၀.၂.၂၀၂၃ အထိကျင်းပခဲ့ပါသည်။ပြိုင်ပွဲတွင် မုန့်စားပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း နှင့် လွန်ဆွဲပြိုင်ပွဲ တို့ကိုယှဉ်ပြိုင်ခဲ့ပါသည်။ ပြိုင်ပွဲတစ်ခုတွင် ဆု (၄) ဆု ချီးမြှင့်ခဲ့ပါသည်။ မုန့်စားပြိုင်ပွဲ (မ) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲ အာလူးကောက်ပြိုင်ပွဲ လွန်ဆွဲပြိုင်ပွဲ (ကျား) လွန်ဆွဲပြိုင်ပွဲ (ကျား)

စာမေးပွဲအကြို စစ်ဆေးခြင်း

ယနေ့၊ ၂၁.၃.၂၀၂၂ တွင် အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ)တွင် စာမေးပွဲအကြို စစ်ဆေးမှု ပြုလုပ်ခြင်း။ မတ်လ၊ တတိယအပတ်တွင် စာမေးပွဲအကြို စစ်ဆေးနေပါသည်။ Monday and Tuesday ရက်များတွင် Second year ဘာသာရပ် English and Math ဖြေဆိုရပါသည်။ ကျန်ရက်များတွင် Major...

ပိုက်ကျော်ခြင်း ပြိုင်ပွဲပုံရိပ်များ

၁၅.၃.၂၀၂၂ ရက်နေ့တွင် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကို ကျင်းပခဲ့ပါသည်။ မေဂျာပေါင်းစုံမှ ကျောင်းသားများအားလုံးပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ပထမကို ရွှေတံဆိပ်ဆု နှင့် ဒုတိယကို ငွေတံဆိပ်ဆု စသည်တို့ကို အသီးသီးဆုချီးမြှင့်ခဲ့ပါသည်။

ကွန်ပျူတာအပတ်စဉ်(၈)သင်တန်းဖွင့်ပွဲနှင့် အောင်လက်မှတ်ပေးပွဲ

သက်မွေးပညာကာလတိုအခြေခံကွန်ပျူတာ အပတ်စဉ်(၈)သင်တန်း ကို ၄.၁၂.၂၀၂၁ တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းသားဉီးရေ (၂၃) ဉီး တတ်ရောက်ခဲ့ပါသည်။ ၆.၂.၂၀၂၂ တွင် အခြေခံကွန်ပျူတာ အပတ်စဉ်(၈)သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

မျှော်မှန်းချက်

အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သောစက်မှုလုပ်ငန်းအမျိုးမျိုးတွင် မရှိမဖြစ်လိုအပ်သော ကျွမ်းကျင်လုပ်သားများကို အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)မှ ဖြည့်ဆည်းပေးရန်အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံအတွက် အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)မှ လူငယ်များကို အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပေးစွမ်းနိုင်ရန်ထို့ကြောင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်စေရန်။

ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ

ယနေ့ ဝါဆိုလပြည့်နေ့တွင် ကျောင်းအုပ်ကြီး၊ ဆရာ၊ဆရာမများ၊ ဝန်ထမ်းမိသားစုများနှင့် ကျောင်းသူ၊ကျောင်းသားများ အားလုံးစုပေါင်း၍ ဘုန်းကြီးကျောင်းသို့ ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းခဲ့သည်။ အဆိုပါအလှူကို နှစ်စဥ်နှစ်တိုင်း စုပေါင်းလှူဒါန်းကြပါသည်။ တစ်နှစ်ကို ဘုန်းကြီးကျောင်း တစ်ကျောင်းစီသို့ သွားရောက်လှူဒါန်းပါသည်။

ကျောင်းအုပ်ကြီး၏ နှုတ်ခွန်းဆက်အမှာစကား

ဦးဇေယျာအောင်ကျောင်းအုပ်ကြီးအစိုးရနည်းပညာအထက်တန်းကျောင်း၊ ရွာမ။ME.IT အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)အနေဖြင့်လူ့စွမ်းအားအရင်းအမြစ်များပြုစုပျိုးထောင်ရာတွင် နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနကချမှတ်ထားသောမူဝါဒများနှင့်အညီအရည်အချင်းပြည့်မီသော ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးရန်အတွက်သင်ယူလိုသူများအား အစွမ်းကုန် လေ့ကျင့် သင်ကြားပေးလျှက်ရှိပါသည်။ အခြေခံပညာအလယ်တန်းအဆင့်အောင်မြင်ပြီးမြောက်သောသူများအား အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးနှင့်ဘဝတစ်သက်တာသင်ယူမှုများရရှိစေရေးအတွက်အသက်မွေးဝမ်းကျောင်းအတက်ပညာများအား ကျွမ်းကျင်တက်မြောက်စေရန်ရည်ရွယ်လျှက် ကာလရှည် သင်တန်းများဖွင့်လှစ်ပေးလျှက်ရှိပါသည်။ ဤကျောင်းမှ မွေးထုတ်ပေးလိုက်သော ကျွမ်းကျင်လုပ်သားများအနေဖြင့် မိမိအတက်ပညာနှင့် လျှော်ညီသော အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး လူမှုစီးပွားဘဝများ တိုးတက်အောင်မြင်စေပါကြောင်း ဆန္ဒပြုလိုက်ပါသည်။ ဖွင့်လှစ်ပေးသောကာလရှည်သင်တန်းများမှာသုတနည်းပညာသင်တန်း(Information...

ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးပြင်ဆင်ထားမှု့များ

[Best_Wordpress_Gallery id="23" gal_title="ပြင်ဆင်မှု့"] ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် အောက်ပါအတိုင်း ပြင်ဆင်ထားပါသည်။ ကျောင်းအဝင်ပေါက်တွင် အပူချိန်တိုင်းခြင်း၊ စာသင်ခန်းတိုင်းရှေ့တွင် လက်ဆေးရေစင်များ ထားရှိခြင်း စာသင်ခန်းထဲတွင် စာသင်ခုံများကို ၆ပေအကွာဖြင့် စာသင်ကြားနိုင်ရန် ပြင်ဆင်ထားခြင်း

ကျွမ်းကျင်မှု့စွမ်းရည်ပြိုင်ပွဲများ

ကျွမ်းကျင်မှု့စွမ်းရည်ပြိုင်ပွဲများတွင် အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ) မှ ကျောင်းသား၊ကျောင်းသူများ ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။