Breaking News

ပိုက်ကျော်ခြင်း ပြိုင်ပွဲပုံရိပ်များ

၁၅.၃.၂၀၂၂ ရက်နေ့တွင် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကို ကျင်းပခဲ့ပါသည်။ မေဂျာပေါင်းစုံမှ ကျောင်းသားများအားလုံးပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ပထမကို ရွှေတံဆိပ်ဆု နှင့် ဒုတိယကို ငွေတံဆိပ်ဆု စသည်တို့ကို အသီးသီးဆုချီးမြှင့်ခဲ့ပါသည်။

ကွန်ပျူတာအပတ်စဉ်(၈)သင်တန်းဖွင့်ပွဲနှင့် အောင်လက်မှတ်ပေးပွဲ

သက်မွေးပညာကာလတိုအခြေခံကွန်ပျူတာ အပတ်စဉ်(၈)သင်တန်း ကို ၄.၁၂.၂၀၂၁ တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းသားဉီးရေ (၂၃) ဉီး တတ်ရောက်ခဲ့ပါသည်။ ၆.၂.၂၀၂၂ တွင် အခြေခံကွန်ပျူတာ အပတ်စဉ်(၈)သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

မျှော်မှန်းချက်

အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သောစက်မှုလုပ်ငန်းအမျိုးမျိုးတွင် မရှိမဖြစ်လိုအပ်သော ကျွမ်းကျင်လုပ်သားများကို အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)မှ ဖြည့်ဆည်းပေးရန်အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံအတွက် အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)မှ လူငယ်များကို အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပေးစွမ်းနိုင်ရန်ထို့ကြောင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်စေရန်။

ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ

ယနေ့ ဝါဆိုလပြည့်နေ့တွင် ကျောင်းအုပ်ကြီး၊ ဆရာ၊ဆရာမများ၊ ဝန်ထမ်းမိသားစုများနှင့် ကျောင်းသူ၊ကျောင်းသားများ အားလုံးစုပေါင်း၍ ဘုန်းကြီးကျောင်းသို့ ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းခဲ့သည်။ အဆိုပါအလှူကို နှစ်စဥ်နှစ်တိုင်း စုပေါင်းလှူဒါန်းကြပါသည်။ တစ်နှစ်ကို ဘုန်းကြီးကျောင်း တစ်ကျောင်းစီသို့ သွားရောက်လှူဒါန်းပါသည်။

ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးပြင်ဆင်ထားမှု့များ

[Best_Wordpress_Gallery id="23" gal_title="ပြင်ဆင်မှု့"] ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် အောက်ပါအတိုင်း ပြင်ဆင်ထားပါသည်။ ကျောင်းအဝင်ပေါက်တွင် အပူချိန်တိုင်းခြင်း၊ စာသင်ခန်းတိုင်းရှေ့တွင် လက်ဆေးရေစင်များ ထားရှိခြင်း စာသင်ခန်းထဲတွင် စာသင်ခုံများကို ၆ပေအကွာဖြင့် စာသင်ကြားနိုင်ရန် ပြင်ဆင်ထားခြင်း

အောင်လက်မှတ် ပေးအပ်ပွဲအခမ်းအနား

ကျောင်းအောင်လက်မှတ်ပေးပွဲကို အောက်ပါအစီအစဥ်တိုင်း ကျင်းပပြုလုပ်ခဲ့ပါသည်။ ၃.၁၀.၂၀၁၉ ရက်နေ့တွင် မေဂျာစုံ အစမ်းနေ့ကို ကျင်းပခဲ့သည်။ ၄.၁၀.၂၀၁၉ ရက်နေ့တွ အောင်လက်မှတ်ပေးပွဲကို ကျင်းပခဲ့သည်။ ကျောင်းအုပ်ကြီးမှ တစ်ဦးချင်းစီကို အောင်လက်မှတ်ပေးခြင်း အောင်လက်မှတ်ရရှိသော မောင်မယ်များနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ခြင်း

အားကစားပွဲများ

အစိုးရနည်းပညာအထက်တန်းကျောင်း၌ လွတ်လပ်ရေးနေ့တွင် အားကစားပွဲများ ကျင်းပကြပါသည်။ အားကစားပြိုင်ပွဲများမှာ ပိုက်ကျော်ခြင်း၊ ဘောလုံးပွဲ စသည်တို့ဖြစ်သည်။ အဆိုပါနေ့တွင် မေဂျာပေါင်းစုံ ပါဝင်ဆင်နွှဲကြသည်။